Mrtv4 နဲ့ စာချုပ် ချုပ်ပြီး အလုပ်လုပ်လို့ အကျိုးကျေးဇူးများစွာ ရရှိပါတယ်ဆိုသူ နေအဉ္ဇရာ

Mrtv4 နဲ့ စာချုပ် ချုပ်ပြီး အလုပ်လုပ်လို့ အကျိုးကျေးဇူးများစွာ ရရှိပါတယ်ဆိုသူ နေအဉ္ဇရာ
September 2, 2016 Asian Fame
Mrtv4 နဲ့ စာချုပ် ချုပ်ပြီး အလုပ်လုပ်လို့ အကျိုးကျေးဇူးများစွာ ရရှိပါတယ်ဆိုသူ နေအဉ္ဇရာ

ထူးထူး
ရန်ကုန်၊ သြဂုတ် ၂၉

nay-it-za-yar
Mrtv4၏စင်တင် မင်းသမီးဖြစ်သူ နေအဉ္ဇရာက ရန်အောင်၊ မေသဉ္ဇာဦး တို့နှင့်အတူ ရုပ်သံစီးရီးတစ်ခု ရိုက်ကူးနေပြီး အဆိုပါစီးရီး ပြီးစီးပါက ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ကူး သွားမည်ဟု ပြောသည်။  ဗီဒီယိုဈေးကွက်ပျက်နေသော အချိန် တွင် အသစ်တစ်ယောက်အနေဖြင့် ဝင်တိုး ရခက်သော်လည်းMrtv4 နှင့်စာချုပ် ချုပ်ကာ အလုပ်လုပ်ခြင်းကြောင့် အကျိုး ကျေးဇူးများစွာရရှိသည်ဟုလည်း ယင်းက ပြောသည်။

”စာချုပ်နဲ့ လုပ်ရတဲ့အခါ အကျိုး ကျေးဇူးတွေ အများကြီးရှိတယ်။ စည်းနဲ့ ကမ်းနဲ့လုပ်တယ်။ အဲဒီအပြင် ပုံမှန် လစာရတဲ့အပြင် ကိုယ့်သရုပ်ဆောင်ခ တွေလည်း အပြည့်အဝ ထိုက် ထိုက်တန်တန် ချီးမြှင့်တယ်။ ဒီမှာစာချုပ်နဲ့ လုပ်ရတဲ့အတွက် ကိုယ်ကအဆင်ပြေ တယ်။ ကိုယ်နဲ့အတူတူတက်လာပြီးအပြင် မှာလုပ်နေတဲ့သူတွေ တစ်ခါတလေ အလုပ် မလုပ်ရ ဘဲ ထိုင်နေရတာ ရှိတယ်။ ကိုယ့်မှာ အဲဒီလိုကြုံလာ ရင်တောင် ပုံမှန် လစာဝင်ငွေလေးရှိတယ်”ဟု ယင်းက ပြောသည်။လက်ရှိတွင်Mrtv4 နှင့် စာချုပ် ငါးနှစ် ချုပ်ဆိုထား ကာ ရုပ်သံစီးရီးများ ရိုက်ကူးနေပြီး စာချုပ်ပြည့်သွားပါကMrtv4 မှ ဆက်လက်ကမ်းလှမ်းလျှင် စာချုပ် ထပ်မံချုပ်ဆိုသွားမည်ဖြစ်ကြောင်း ယင်းကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*