ဒါရိုက်တာ ပန်းချီစိုးမိုး နှင့် တွေ့ဆုံမေးမြန်းခြင်း

ဒါရိုက်တာ ပန်းချီစိုးမိုး နှင့် တွေ့ဆုံမေးမြန်းခြင်း
September 2, 2016 Asian Fame
ဒါရိုက်တာ ပန်းချီစိုးမိုး နှင့် တွေ့ဆုံမေးမြန်းခြင်း

သြဂုတ် ၁၁ရက်မှ ၁၅ရက် အထိပြုလုပ်ခဲ့သည့် ကိုရီးယား လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ‘ကြယ်စင်မော် ကွန်း’ဇာတ်ကားကို ဝင်ရောက်ပြသခဲ့သည်။ အဆိုပါပွဲတော်တွင် နိုင်ငံ တကာမှ ရုပ်ရှင် ကားများ လည်း ဝင်ရောက်ပြသခဲ့ရာ ‘ကြယ်စင်မော်ကွန်း’ ဇာတ် ကား အပေါ် နိုင်ငံ တကာအမြင်များနှင့် ပတ်သက်၍ ဒါရိုက်တာ ပန်းချီစိုးမိုးကို တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
kyal-sin-maw-kon-1
ကိုးရီးယားလွတ်လပ်ရေးရုပ်ရှင်ပွဲ တော်မှာ ကြယ်စင်မော်ကွန်းဇာတ် ကားကို ရွေးချယ်ပြသဖြစ်တဲ့ အကြောင်းကို အရင်ဆုံး သိပါရ စေရှင့်။

ကိုးရီးယားနိုင်ငံကနေပြီးတော့ လွတ်လပ်ရေးပွဲတော်မှာ ကျွန်တော့်ကိုဖိတ်ကြားတယ်။ လေးစားမှုအနေနဲ့ ကျွန်တော်လည်း မြန်မာ နိုင်ငံလွတ်လပ်ရေးရအောင် တိုက်ယူခဲ့တဲ့ အာဇာနည် သူရဲကောင်း တွေကို ဂုဏ်ပြုတဲ့ အနေနဲ့အဲဒီပွဲမှာ ကြယ်စင်မော်ကွန်း ဇာတ်ကားကို ပြသခဲ့တယ်။ မြန်မာမှာပြတဲ့ ဇာတ်ကားနဲ့ နည်းနည်းကွဲ သွားတယ်။လိုတိုး ပိုလျှော့တွေ လုပ်ပြီး အဆုံးသတ်ကို ယနေ့အင်အားကောင်းတဲ့ တပ်မတော်အခမ်းအနားနဲ့ သိမ်း လိုက်တယ်။ နောက်ခံသီချင်းကို လည်းအသစ်ပြန် ထည့်ထား တယ်။

ပွဲတော်မှာ ကြယ်စင်မော်ကွန်း ဇာတ်ကားအပေါ် စိတ်ဝင်စားမှု ဘယ်လောက်အထိ ရှိခဲ့ပါသလဲ။

သူတို့ဘက်က စိတ်ဝင်စားမှု က တော်တော်လေး ရှိခဲ့ပါတယ်။  အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးကို ဘယ်လိုကြိုးပမ်း ခဲ့လဲ၊  ဗိုလ်ချုပ်အောင်ဆန်း ဘာ ကြောင့် တပ်မတော် ထူထောင်လဲ စိတ်ဝင်စားကြတယ်။ ဗိုလ်ချုပ်ဈာပန အခမ်းအနားမှာ သူတို့နိုင်ငံ အကြီးအကဲရဲ့မြေးဆိုမျက်ရည်ကျတယ်။ ကိုယ့်နိုင်ငံ လွတ်လပ်ရေး နဲ့ပတ်သက် ပြီး ပြည်သူတိုင်းမှာ မတူ ညီတဲ့ အရာတွေရှိကြတယ်လေ။ ကိုးရီးယားရောက်နေတဲ့ မြန်မာ တော်တော်များများ လည်းလာကြည့် ကြတယ်။ရုပ်ရှင်ကား တစ် ကား အောင်မြင်တာ နဲ့မတူဘူး။

untitled-1
ဦးအနေနဲ့ ကိုရီးယားက အနုပညာ နဲ့ပတ်သက်ပြီးလည်း လေ့လာခဲ့ တယ်လို့ သိရပါတယ်။ သူတို့ အနု ပညာအောင်မြင်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ နဲ့ နှိုင်း ယှဉ်သုံးသပ်ပေး ပါဦးရှင့်။

အထူးသဖြင့် ကိုးရီးယားတွေ က တယ်လီဗေးရှင်းစီးရီးတွေမှာ အောင်မြင်တယ်။ သူတို့အောင်မြင် တာက အချက်တွေအများကြီးပဲ။ အထူးသဖြင့် သူတို့အစိုးရက ပံ့ပိုး တယ်။ အနုပညာရှင်တွေ စည်းလုံး တယ်။ အနုပညာရှင်တွေ ကိုယ် တိုင်က အသစ်အဆန်းတွေကို ဖန်တီးလိုစိတ်ရှိတယ်။ ကိုရီးယား မှာပဲ အောင်မြင်ရမယ် အဲဒီလို စိတ်မျိုး မရှိဘူး။ တစ်ကမ္ဘာလုံးအထိ အောင်မြင်ရမယ်၊ အဲလိုစိတ်မျိုးရှိ တယ်။ သူတို့မှာ ရုပ်ရှင်ကအထိုက် အလျောက်ပဲ အောင်မြင်တယ်။ ရုပ်ရှင်ဆိုရင် ဟောလိဝုဒ်၊ ဘော လိဝုဒ်တို့ကတော့ ရုပ် ရှင်ကအောင် မြင်တယ်။ ကုန်ကျစရိတ်ဆိုရင် လည်း ရဲရဲစိုက်ထုတ်တယ်။ အနုပညာအရည်အသွေးတွေကိုလည်း အမြဲအသစ်ဖြစ်အောင် ဖန်တီးကြတယ်။ ကိုရီးယားစီးရီးေ အာင်မြင် တာ ဦးဆောင်လုပ်တဲ့လူတော်တယ်။ စေတနာပါတယ်၊ စေတနာထားဖို့ ကိုယ့်အတွက် ကိုယ်တိုင်းပြည် အတွက်သာမက ကြည့်တဲ့ပရိ သတ် တွေကိုပါ စေတနာ ထား ရတယ်။ ကိုရီးယားတွေက ရုပ်ရှင်ထဲမှာ မြင် သလောက် မယဉ်ကျေးဘူး။ ဒါပေမယ့် တစ်ကမ္ဘာလုံးက သူတို့ လူနေမှု၊ အစားအသောက်တွေ လူ စိတ်ဝင်စားအောင် ရုပ် ရှင်တွေနဲ့ ဆွဲဆောင်တယ်။ မြန်မာမှာက ဒါတွေကို အားမပေးဘူး။ ဒါတွေကို မြင်သင့်ပြီ။

မန်မာနိုင်ငံမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ နန်းတွင်းအဖြစ်အပျက် တွေအများကြီးရှိတယ်။ ဒါကို အနုပညာနဲ့ တကယ့်အဖြစ်အပျက် ကိုဖန်တီးနိုင် ရင်ေ ကာ နိုင်ငံ တကာ မှာ နေရာတစ်ခုရလာနိုင်မယ်လို့ ယုံကြည်ပါသလား။

ဘက်ပေါင်းစုံကနေ အရည် အချင်းအပြည့်နဲ့ ဖန်တီးနိုင်ရင် မဖြစ်လာနိုင်စရာ အကြောင်းမရှိ ဘူး။ နိုင်ငံတကာအထိ ထိုးဖောက် နိုင်တဲ့ အလားအလာတွေအများ ကြီးရှိတယ်။ ကုန်းဘောင်ခေတ်၊ အင်းဝခေတ် အများကြီးရှိတယ်။ ခက်တာက နန်းတွင်းအကြောင်း အရာနဲ့ပတ်သက်ပြီး နိုင်ငံခြားသား ကရေးသွားတယ်။ ဒါကိုဆရာပါရဂူ တို့က ဘာ သာပြန်တယ်။ ဥပမာ ရေနံ့သာခင်ခင်ကြီး၊ စုဖုရားလတ်၊ အဲဒါရိုက်မယ်ဆိုရင် ငွေရေးကြေး ရေး၊ အချိန်၊ တကယ်လုပ်နိုင်တဲ့ ပညာရှင်လိုတယ်။ ပြီးတော့နိုင်ငံ တော်က ပံ့ပိုး မှုတွေ အများကြီးလို အပ်တယ်။ နိုင်ငံတစ်နိုင်ငံမှာ ဝင်ငွေအများဆုံးရှာပေးနိုင်တဲ့အထဲမှာ အနုပညာပါဝင်တယ်။ ဒါကို အသုံးချရကောင်းမှန်း နိုင်ငံတော် က မသိခဲ့တာပါ။ သူများ ဘာ လုပ် နေတုန်းမသိသမျှ ကိုယ်ဘာလုပ်ရ ကောင်းမှန်းမသိဘူး။ သိသွားရင် ငွေရေးကြေးရေးနဲ့ အောင်မြင်မှု ခွဲခြားလာလိမ့်မယ်။ အနုပညာရှင် တွေမှာလည်း အင်တာ နယ် ရှင်နယ် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ် ကလေးတွေမွေးမယ်ဆိုရင် သိပ် ကောင်းမှာပဲ။ ပိုက်ဆံဘယ်လောက် ရမလဲဆိုတာထက် ငါတို့ကား ဘယ်လောက်ကောင်းအောင် ရိုက် မလဲ၊ နိုင်ငံဘယ်နှနိုင်ငံတွေထိ ပြနိုင်မလဲ တွေးရမယ်။ ၁ဝ နာရီကို ၂ နာရီမှလာတယ် ရိုက်တဲ့သူက တော့ လာသလိုရိုက်သွားမှာပဲ။ မြန်မာပြည် ထုတ်လုပ်သူတွေက တကယ့် ထိတ်ထိတ်ကြဲ ချမ်းသာတဲ့ ထုတ်လုပ်သူတွေ မရှိပါဘူး။ အဲဒီ တော့ နိုင်ငံတော်က ပါကိုပါရမယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*