သီချင်း ဧည့်သည်မလေး အေးချမ်းမေ

သီချင်း ဧည့်သည်မလေး အေးချမ်းမေ
August 8, 2016 Asian Fame
သီချင်း ဧည့်သည်မလေး အေးချမ်းမေ

ayechanmay-1

facebook စာမျက်နှာထက် မှာ လွန်ခဲ့တဲ့ (၆ )နှစ်က တည်းက Let Htoo O’ Brian ဆိုတဲ့နာမည် လေးနဲ့ စတင် ခင်မင်လာခဲ့ပြီး chat box မှာ ရင်းရင်းနှီးနှီး စကားတွေ ပြောဖြစ်ခဲ့ကြတဲ့ ချစ်စရာ အစ်မ တစ်ယောက် ကနိုင်ငံကျော် အဆို တော်အေးချမ်းမေ ပါပဲ။

ကျွန်မ မှတ်မှတ်ရရ သူမကို သတိထားမိတာက ၂ဝ၁၂ ခုနှစ် က allergy ဖြစ်လို့ စိတ်ညစ်နေတဲ့ ကျွန်မရဲ့ post ကို ဖတ်မိ ပြီး ဆေး ကောင်းလေးတွေ ညွှန်ပြပေးရင်း သူမနဲ့ ကျွန်မ ပိုမို ရင်းနှီးလာခဲ့တာ ပါပဲ။ သူမနဲ့ ခင်မင်လာပြီးနောက် သူမရဲ့ ချစ်စရာ အပြု အမူလေးတွေ၊ ဟန်ဆောင်မှု ကင်းတဲ့ စကားလုံးလေး တွေကနေ အစပြုပြီး ၂ဝ၁၂ ခုနှစ်က ကျွန်မ ထုတ်ဝေခဲ့ဖူးတဲ့ Fancy Journal အတွက် ပထမဦးဆုံး အင် တာဗျူး ဖြေဆိုပေးခဲ့တာပါပဲ။

အဲဒီအချိန်က သူမဟာ မည်သည့် မီဒီယာ စာမျက်နှာ ထက်မှာမှ အင်တာဗျူး ဖြေဆိုခဲ့ခြင်း မရှိပေမယ့် ကျွန်မ အတွက်တော့ လို လို လားလား ဖြေဆိုပေးခဲ့ ခြင်းက ယခု ဒုတိယအ ကြိမ်မြောက် အထိပါပဲ။

အမေရိကန်နိုင်ငံ ကို ၁၉၉၇ ခုနှစ်၊ မတ် လကတည်းက ရောက်ရှိ နေခဲ့တဲ့ သူမဟာ နှစ် ပေါင်း (၂ဝ) အကြာ မြန်မာနိုင်ငံသို့ ပြန် မလာခင် လပိုင်း အလို မှာ အမေရိကန်နိုင်ငံ မှာ သူမ နဲ့အင်တာဗျူးဖို့ အခွင့်အရေး ရရှိခဲ့တာ ကျွန်မအတွက် ကံ ကောင်းခြင်း တစ်ခုပါ။

သူမကို ချစ်တဲ့ ပရိသတ်တွေ အတွက်၊ သူမကို မျှော်လင့်နေကြ သူများအ တွက် ကျွန်မနဲ့ မအေးချမ်း မေ ရဲ့ဆုံ စည်းမှု ဟာ ပေါင်းကူး တံတား တစ်ခု ဖြစ်ခဲ့မယ် ဆိုရင်တော့ ကျွန်မ ကြိုးစား ရကျိုးနပ်ပါပြီရှင်။

မေး-မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ နှစ် ပေါင်းများစွာ အဆက် အသွယ်ပြတ် နေ ပေမယ့်လည်း မြန်မာနိုင်ငံက ပရိသတ် တွေရဲ့ ရင်ထဲ မှာ အဆိုတော် အေးချမ်းမေ ဆိုတာ ရှင်သန်နေဆဲ ဖြစ်နေတဲ့ အပေါ်မှာ အစ်မအနေနဲ့ ဘယ်လို ခံစားမိပါ သလဲ ရှင်။

ဖြေ-ပြောမပြနိုင်အောင် ဝမ်းသာပါ တယ်။ တကယ်တော့ အေးချမ်းမေ ဟာ ပရိသတ်ရဲ့ အားပေးမှု မရှိဘဲ ဖြစ်တည်လာ လို့မှမရတာ။ ဒီအ ချိန်ထိ မမေ့သေးတာကိုပဲ ကြည် နူးနေ ရတာ။ မေ့မယ်ဆို မေ့သင့် တယ်လေ။ ကြာနေပြီကိုး။

မေး-ကလေး၊ လူကြီးမရွေး ‘ငါတို့ အေး ချမ်းမေ ဖြစ်သွားပြီဟေ့’ ဆိုတာ နဲ့ အစ်မ ရဲ့ နာမည်ကြီးခဲ့တဲ့ သီချင်း တစ်ပုဒ်ဖြစ်တဲ့ ‘တစ်စစီ ကျိုးပဲ့နေပြီ’ ကို အသိအမှတ် ပြုခဲ့ပြီးသား အပေါ် မှာ အစ်မအနေနဲ့ ဘယ်လို ခံစားမိပါ သလဲရှင်။

ဖြေ-ကိုယ်လည်း တစ်စစီကျိုးပဲ့နေ တယ်။ အသက်ကလေး ရလာလို့လေ။ (ရယ်လျက်) စတာပါ။ ပျော်တာပေါ့ ညီမရယ်။ သီချင်းနဲ့ ကိုယ်နဲ့ ကို အမြဲ တွဲသိနေကြလို့လေ။

မေး-မြန်မာနိုင်ငံမှာ အေးချမ်းမေ ဆိုပြီး လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အချိန်မှာ ရုတ်တရက် အစ်မက ပျောက်   နှမြော တသ ဖြစ် ခဲ့ရ တယ်။ အဲဒီအချိန် ကာလတွေ နဲ့ပတ် သက်ပြီး အစ်မ ဘာတွေများ ပြန်ပြောချင် ပါသလဲရှင်။

ပြောပြရင် ညီမ ထိုင်ငိုမှာစိုးလို့ မပြောတော့ဘူးနော်။ ဘဝဆိုတာ ကိုယ်မမျှော်လင့်တာတွေဖြစ်လာ တတ်ပါတယ်။ အဆိုး ထဲက အကောင်း တစ်ခုပြောရရင်တော့ ငါနေတတ် သွားပြီပေါ့။ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အချိန်မှာ ဒီအောင် မြင်မှုကို အလွယ် တကူ စွန့် လွှတ်ချင် ကြမှာမဟုတ်ဘူးလေ။ ညီမရယ် မပြန် လာတော့ဘူး လို့ အစကတည်းက ဆုံး ဖြတ်ချက် ချထားတယ် ဆိုရင် ဘာလို့  လုပ်ဦးမှာလဲ။ LA မှာရှိတဲ့ Producer ဆိုရင် ပိုက်ဆံ ကုန်တာပဲ အဖတ်တင် သွားတယ်။ ထားလိုက်ပါတော့ ညီမရယ်။ ဒါတွေ ပြန် မပြော ချင်တော့ပါဘူး။ ဘုရား အလိုတော် အတိုင်းပေါ့။

အခုဆိုရင် ဘဝ က အေးချမ်းတယ်။ အဲဒီအတွက် ဘုရားကို တအားကျေးဇူးတင်တယ်။ နာကျင်စရာတွေ အများကြီး ရှိခဲ့ဖူး လို့ လူတွေ နဲ့ဝေးဝေး နေခဲ့ပါတယ်။ နေလည်းနေ တတ်နေပါပြီ။ အနု ပညာကတော့ လူမသေသရွေ့ ဆက် လက် ရှင်သန်နေဦးမှာပါ။

မြန်မာနိုင်ငံက အနုပညာ အလုပ် တွေနဲ့ ဝေးကွာ သွားပေမယ့် အမေရိက မှာ ဖျော်ဖြေ ပွဲလေးတွေ ရဲ့ စင်မြင့်ပေါ်မှာ တစ်ခါ တလေ ပြန် တွေ့ ရတယ်နော်။ မြန်မာနိုင်ငံက လွမ်းနေတဲ့ ပရိသတ်တွေအတွက် ကော ပြန်လာပြီး ဖျော်ဖြေဖို့ရှိပါ သလားရှင်။

ဒီလာမယ့်နိုဝင်ဘာလမှာ တစ်ကိုယ်တော်ပွဲ နဲ့ စုံတွဲရှိုးရယ် လုပ်ဖို့ရှိတယ်။ အသေးစိတ် ကိုတော့ နောက်မှပြောပါရစေ။

အစ်မ စိတ်မဆိုးရင် မေးခွန်း တစ်ခု လောက် မေးပါရစေနော်။ အစ်မ နာမည်ကြီးနေတဲ့ အချိန် ကာလက အေးချမ်းမေ ဆုံးသွားပြီ ဆိုတဲ့ ကောလာဟလတွေ လည်း ထွက်ခဲ့ သေးတယ်နော်။ အနုပညာရှင် နဲ့ ကောလာဟလ ဆိုတာ မကင်းနိုင် ပေမယ့် ကာယကံ ရှင်ဖြစ်တဲ့ အစ်မ အနေနဲ့ ဘယ်လို ခံစားမိပါသလဲရှင်။

အမလေး ..ကောလာဟလ ကတော့ အမျိုးစုံ ကြိုးခုန်နေတာပါပဲ။ ကိုယ်တောင် မတွေးဖူးတဲ့ အဖြစ်တွေ ကို တကယ်လို လုပ်ပြီး ပြော ကြတာ လေ။ ဒါတွေကိုတော့ မဖြေရှင်းခဲ့ပါ ဘူး။ အပျင်းပြေလို ပြောကြပါစေလို့ ပဲ သဘော ထားခဲ့တယ်။ ပြန်ကြားရ တာတွေကို နားထောင် ပြီး ရယ်နေ လိုက်ပါတယ်။ ငါမသေဘူး၊ ရေကူး တတ်တယ်ပေါ့။

အစ်မ အောင်မြင်ခဲ့တဲ့ အချိန်မှာ လည်း ကိုစည်သူလွင်နဲ့ စုံတွဲသီချင်း ဆိုတာ အောင်မြင် ခဲ့တော့ မြန်မာ နိုင်ငံ ကို ပြန် လာဖြစ်တဲ့ အခါ ကျရင် စီးရီးခွေ အသစ် ထုတ်ဖို့ အစီအစဉ် ရှိပါသေးလားရှင့်။

ကိုယ်ပိုင်သံစဉ် Solo Album လုပ်နေပါတယ်။ ပွဲအမီ လုပ်ဖို့ စီစဉ် နေပါတယ်။

အေးချမ်းမေ ဆိုတဲ့ နာမည်တစ်လုံး ကို ယနေ့တိုင် ထိန်းသိမ်း ထားနိုင်တဲ့ အစ်မရဲ့ အနုပညာ အရည်အသွေး အပေါ် ဘယ်လို သုံးသပ် မိပါသလဲ ရှင်။

အဓိကကတော့ ကိုယ်က ပရိသတ်ကို အကောင်းဆုံး ပေးမယ် ဆိုတဲ့ စေတနာ ပါဖို့ပါပဲ။ အောင်မြင် မှု ထိန်းနိုင်တဲ့ အနုပညာ သမား တိုင်း က အရည်အသွေး ပြည့်မီအောင် အမြဲကြိုးစားခဲ့ကြလို့ နေရာတစ်ခု အမြဲတည်နေတာပါ။

အဆုံးသတ်မေးခွန်း အနေနဲ့ အစ်မ ဖြေချင်တာလေးများ ရှိရင် ဖြည့်စွက် ပြောပြပေးပါနော်။

ပရိသတ် အားပေးမှု မရှိဘဲနဲ့ တော့ အေးချမ်းမေ မဖြစ်လာနိုင်သလို ဒီနာမည် အမြဲ ရှင်သန်ဖို့က ကိုယ့်မှာ တာဝန် အရှိဆုံးမို့ အခု အသစ် တစ်ဖန် ပြန်လှုပ်ရှားချိန် မှာလည်း အကောင်း ဆုံးကိုပဲ ပေးဦးမှာပါ။ အခုအချိန်ထိ ပရိသတ်ရဲ့ အားပေးမှုကို ရနေသေး တဲ့အတွက် တအား ကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။ မိဘ၊ ဆရာ၊ ညီအစ်ကို မောင်နှမများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ တစ်ယောက် စီ တိုင်း ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံပြီး လိုအင် ဆန္ဒများ လည်း ပြည့်စုံနိုင်ကြပါစေလို့။

ဆုကဗျာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*