အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာဒေသမှ ဗုဒ္ဓဘုရားရှင်၏ အရိုးဓာတ်တော်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ပင့်ဆောင်ပူဇော်

အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာဒေသမှ ဗုဒ္ဓဘုရားရှင်၏ အရိုးဓာတ်တော်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ပင့်ဆောင်ပူဇော်
January 26, 2016 Asian Fame
အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာဒေသမှ ဗုဒ္ဓဘုရားရှင်၏ အရိုးဓာတ်တော်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ပင့်ဆောင်ပူဇော်

အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာဒေသမှ ဗုဒ္ဓဘုရားရှင်၏ အရိုးဓာတ်တော်ကို The World Peace Buddhist Conference တွင် အပူဇော်ခံရန်အတွက် ဇန်နဝါရီလ ၂၁ ရက် နံနက် ၁၁ ခွဲအချိန်က မန္တလေးမြို့တံတားဦးလေဆိပ်သို့ TG-2309 လေယာဉ်ဖြင့် ပင့်ဆောင်ခဲ့ပြီး မန္တလေးမြို့တွင် ခေတ္တသီတင်းသုံးအပူဇော်ခံကြောင်း သိရသည်။ ညနေပိုင်းတွင် သီတဂူဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) သို့ ပင့်ဆောင်ကာ သီတဂူဆရာတော်ကိုယ်တိုင်ပူဇော်ပြီး ဂယာကျောင်းဆောင်တွင် တစ်ညတာ သီတင်းသုံးစံပယ် တော်မူကြောင်းသိရသည်။ ထို့နောက် ဗုဒ္ဓဓာတ်တော်ကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)တွင် လည်း ကောင်း၊ ညပိုင်းတွင် ကောင်းမှုတော် စေတီတော်ကြီးတွင်လည်းကောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မန္တလေး မြို့မဟာမြတ်မုနိဘုရားကြီးတွင် လည်းကောင်း၊ ဇန်နဝါရီလ ၂၄ ရက် နေ့တွင် မန္တလေးမြို့ သုဓမ္မာကျောင်း တော်တွင်လည်းကောင်း၊ ဇန်နဝါရီလ ၂၅ရက်နေ့ နေ့ခင်းတွင် မိတ္ထီလာမြို့ ဆုတောင်းပြည့် သာသနာ့ ဗိမာန် တော်တွင်လည်းကောင်း၊ ညပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တွင် လည်းကောင်း၊ ဇန်နဝါရီလ ၂၆ ရက် နေ့ခင်းပိုင်းတွင် တောင်ငူရွှေ ဆံတော်ဘုရားတွင် လည်းကောင်း၊ ညပိုင်းတွင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဥတိုမြို့သစ် အောင်ချမ်းသာဘုရား ဝင်းတွင် လည်း ကောင်း၊ ဇန်နဝါရီလ ၂၇၊ ၂၈ နေ့တွင် ရန်ကုန်မြို့၊ ရွှေတိဂုံ စေတီတော်၊ ချမ်းသာကြီး တန်ဆောင်းတွင်လည်းကောင်း အပူဇော်ခံပြီး ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အိန္ဒိယ နိုင်ငံသို့ ပြန်လည်ပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗုဒ္ဓဘုရားရှင်၏ အရိုးဓာတ်တော်သည် ဗုဒ္ဓဘုရားရှင်၏ ကျောရိုးအနောက် ဘက်ဓာတ်တော်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဂျမူကတ်ရှ်မီးယား ပြည်နယ်၊ Ladakh ခရိုင်ဒေသမှ ပင့်ဆောင်လာခြင်းဖြစ်ကြောင်း၊ သီတဂူဆရာတော်၏ ပင့်ဖိတ်မှုကြောင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ပင့်ဆောင်လာခြင်းဖြစ်ကြောင်း သီတဂူသာသနာပြုအဖွဲ့မှ သိရှိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*