၂ဝ၁၁ခုနှစ် အကယ်ဒမီ ရရှိမည့်သူများ စာနယ်ဇင်း ဆရာများရဲ့ခန့်မှန်းချက်

၂ဝ၁၁ခုနှစ် အကယ်ဒမီ ရရှိမည့်သူများ စာနယ်ဇင်း ဆရာများရဲ့ခန့်မှန်းချက်
December 29, 2012 Asian Fame
၂ဝ၁၁ခုနှစ် အကယ်ဒမီ ရရှိမည့်သူများ စာနယ်ဇင်း ဆရာများရဲ့ခန့်မှန်းချက်

001ယခုနှစ် အကယ်ဒမီ စာရင်းဝင် ဇာတ်ကား ၁၅ကားနဲ့ ပတ်သက်ပြီး စာနယ် ဇင်း ဆရာကြီးဦးဝင်းငြိမ်းရဲ့ သုံးသပ်ချက်၊ ခန့်မှန်းပေးမှုတို့နဲ့ အတူရုပ်ရှင် ဇာတ်ကားတွေကို အမြဲမပြတ် ကြည့်ရှု့လေ့ရှိတဲ့ စာနယ်ဇင်းဆရာ ကိုကိုလှမြင့်ရဲ့အကယ်ဒမီ ခန့်မှန်းလေ့လာသုံးသပ်မှု တို့ကို ဖော်ပြပေး လိုက်ရပါတယ်။

“ဦးဝင်းငြိမ်း(အလင်းတန်းဂျာနယ်)”
“၂ဝ၁၁ ခုနှစ်မှာ ရုံတင်ပြသခဲ့ တဲ့ ကား၁၅ကား ရှိတယ်။ ၁၅ကား ကို အကဲဖြတ် အဖွဲ့၃ဆင့်ခွဲပြီး သူတို့ ဆုံးဖြတ်တယ်။ ထာဝရ အလင်းတန်း များ၊ ပန်းကြာဝတ်မှုန်၊ ဝဋ်ကြွေး၊ ရင်ကွဲနာ၊ အမွှေဇယား ကားတွေက နောက်ဆုံး တတိယ အဆင့် အကဲဖြတ် စာရင်းထဲကို ရောက်ရှိတဲ့ကား ၅ကား ပါ။ အဲဒီ ၅ကားထဲမှာ ဦးစိတ်ကြိုက် ပြောရရင် မှန်ချင်လည်းမှန်မယ်။ လွဲ ချင်လည်း လွဲသွားနိုင်ပါတယ်။ အမျိုး သားဇာတ်ဆောင်ကိုကြည့်ရင် ၂ ယောက်ပဲ သဘောကြတယ်။ နောင်နောင်၊ နိုင်းနိုင်းကို သဘောကျတယ်။ အမျိုးသား ဇာတ်ပို့မှာ ဦးသဘော ကျတဲ့အနုပညာရှင်ကတော့ လူမင်းနဲ့ မော့စ်။

အမျိုးသမီးဇာတ်ဆောင်မှာ ကျတော့ အခုနောက်ဆုံး ထိစာရင်း ဝင်ထားတဲ့ ၅ကားမှာ သက်မွန်မြင့် ကားက ၃ကားပါတယ်။ သက်မွန် မြင့်ကို ဝဋ်ကြွေး ကားနဲ့ အကယ်ဒမီရမယ်လို့ထင်တယ်။ သူရမှာက သေချာသလောက်ရှိမယ်လို့ ဦးထင်တယ်။ အမျိုးသမီး ဇာတ်ပို့ ဆုမှာ သဘောကျတာက ချစ်စနိုးဦး၊ ထွန်းအိန္ဒြာဗိုကို ရမယ်လို့ ထင်တယ်။ ဒီ လူတွေကို ဦးအနေနဲ့ ရမယ်လို့ ထင် ပါတယ်။ ဒါပေမဲ့ မှန်ရင်လည်း မှန် မယ်။ လွဲရင်လည်း လွဲမယ်။

ဇာတ်ကားဆုကိုတော့ ထာဝရအလင်းတန်း များ ဇာတ်ကားကို ပိုသဘောကျတယ်။ ဒါရိုက်တာမှာကျတော့ ထွန်းအောင်ဇော်၊ စင်ရော် မောင်မောင်ကို ရစေချင်တယ်။ ရန်ကုန်မှာ ကျင်းပပြုလုပ်မှာ ဖြစ်တဲ့ အတွက် အနုပညာ သမား တွေ စုံစုံ လင်လင် တက် နိုင် မယ် လို့ ထင်တယ်။



“ကိုကိုလှမြင့် (အပျိုစင်မဂ္ဂဇင်း)”
“၁၅ ကား မှာ ဟာသကားတွေပါ သလို ဒရာမာ ကားတွေပါနေတာ တွေ့ရ လို့ကျွန်တော်ထင်တဲ့ သူတွေကို ပြောရရင် “ထာဝရအလင်း တန်းများ” ဇာတ်ကားက ဆု အတော်များများရ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ထွန်းအောင်ဇော်က ဒါရိုက်တာဆု၊ နောင်နောင်က အမျိုးသား ဇာတ်ဆောင် ဆု၊ လူမင်းနဲ့မော့စ် နှစ်ယောက်ထဲက တစ်ယောက်ယောက်က အမျိုးသား ဇာတ်ပို့ဆုပေါ့။ သရုပ် ဆောင်သစ်ဖြစ် တဲ့ ချမ်းသာကြည်စိုး က၂ဝဝ၅ခုနှစ်မှာ ဆဋ္ဌဂံ ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆု ရခဲ့ဖူးတော့ သရုပ်ဆောင် သစ် နောင်နောင် လည်း အမျိုးသားဇာတ်ဆောင်ဆုရ မလားလို့ပေါ့။
ဇာတ်ကားဆုကိုလည်း “ထာဝရအလင်းတန်းများ” ကို မျှော်လင့် မိပါတယ်။

အမျိုးသားသရုပ်ဆောင်ဆု အနေနဲ့ကတော့ “ရင်ကွဲနာ” ဇာတ်ကားထဲက မင်းအုပ်စိုးနဲ့ “ပန်းကြာဝတ်မှုံ” ဇာတ်ကားထဲက နိုင်းနိုင်းကို မျှော်လင့်မိ ပါတယ်။ “အမွှေဇယား”ထဲက သူထူးစံကလည်း အမျိုးသားဇာတ် ဆောင်ဆု ရနိုင်ပါတယ်။

ဓာတ်ပုံဆု၊ အသံဆုနဲ့ တည်းဖြတ် ဆုတွေကိုတော့ “ပန်းကြာဝတ်မှုံ” ဇာတ်ကား က ချိတ် သွားနိုင်ပါတယ်။ အမျိုးသမီးဇာတ်ပို့ ဆုကို “ရင်ကွဲနာ” ဇာတ်ကားထဲမှာ သဲသဲအဖြစ် သရုပ်ဆောင်တဲ့ ချစ်စနိုး ဦးကို မျှော်လင့်မိ ပါတယ်။ အမျိုးသမီးဇာတ် ဆောင်ဆုအနေနဲ့ကတော့ ချင်းတိုင်းရင်းသူလေး သက်မွန်မြင့် လို့ထင်ပါတယ်။ ဇာတ်ညွှန်းဆုကို တော့ “ထာဝရ အလင်းတန်း များ” က မြင့်ဆောင် နဲ့ စိုးကျော်ဆန်းတို့ ရမယ် ထင်တယ်။ဒီနှစ်မှာ “ထာဝရအလင်း တန်းများ” ထဲကကလေးသရုပ်ဆောင် တွေက သူ့နေရာနဲ့သူ ပီပြင်နေကြလို့၊ အထူးဆု (ကလေးသရုပ်ဆောင်ဆု)ပေး လေ မလားလို့ မျှော်လင့်မိပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*