ငါ့နှမလေးပွသွားပြီ

ငါ့နှမလေးပွသွားပြီ
December 29, 2012 Asian Fame
ငါ့နှမလေးပွသွားပြီ

aaဟာသဇာတ်ကားရိုက်ထားတဲ့ အတွက် ဒါရိုက်တာအနေနဲ့ မျှော်လင့်ချက် ထဲမှာ မရှိပါဘူး…
ဒါရိုက်တာအဏ်ထော်ဏီ
“အကယ်ဒမီ နီးလာတဲ့အချိန် မှာ ဘာပဲပြောပြော ဟာသကားလေး တွေလည်း မျှော်လင့်ချက်လေးတွေ ရှိတယ်ကြားတော့ ဟာသကားမို့လို့ အကယ်ဒမီ မပေးဘူး ဆိုတာ မရှိဘူး ဆိုတော့ ဘာပဲပြောပြော အနုပညာသမား တစ်ယောက် အနေ နဲ့နီးလာလေ အကယ်ဒမီ ကို မြန်မြန် မြင်ချင်လာ လေပဲ။ ကိုယ့်ရဲ့ကားထဲကလူတွေလည်း တစ်ယောက်တလေပါရင် ကောင်းမယ် ဆိုတဲ့ ကြိုတင်ရင်ခုန်မှုကတော့ရှိတယ်။ ဒါရိုက်တာ ဆုကိုတော့ ဟာသ ဇာတ်ကားရိုက်ထားတဲ့ အတွက် ဒါရိုက်တာအနေနဲ့ မျှော် လင့်ချက်ထဲမှာ မရှိပါဘူး။ သရုပ် ဆောင်အနေနဲ့သာ ဟာသ သရုပ်ဆောင်ပီပြင်ရင်ပီပြင်သလိုပေး မှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့် ရဲ့ ဇာတ်ကားထဲက… မင်းမော်ကွန်း နဲ့ ခန့်စည်သူတို့ဆိုရင် ဟာသကို ပိုင်ပိုင်နိုင်နိုင်ရှိတဲ့ အတွက် ရစေချင်တယ်။ ကျွန်တော် “ထာဝရအလင်း တန်းများ” ဇာတ်ကားဆိုရင် မန္တလေး ရော၊ ရန်ကုန်မှာရော နှစ်ခါပြန်ကို ကြည့်တာ။ ပညာရေးလောကကို မီးမောင်းထိုးပြတဲ့ ဇာတ်ကားဖြစ်တဲ့ အတွက် တအားကောင်းပါတယ်။ တအားလည်း ကြိုက်တယ်။ အဲဒီလို ဇာတ်ကားမျိုးကို ရလည်းရစေချင် တယ်။ ပေးလည်းပေးစေချင်ပါတယ်” မင်းမော်ကွန်းနဲ့ ခန့်စည်သူတို့ဆိုရင် ဟာသကို ပိုင်ပိုင်နိုင်နိုင်ရှိတဲ့အတွက် ရစေချင်တယ်”

ဒီနှစ်ကတော့ တကယ်ရသင့်တဲ့သူတွေ အားလုံးကို ရစေချင်တယ်..
ဂျင်းနီ
“ဂျင်းနီပါဝင်ထားတဲ့ “ငါ့နှမ လေးပွသွားပြီ” ကတော့ ဟာသကားလေး လည်းဖြစ်ပြီး ကောင်းလည်း ကောင်းပါတယ်။ ဂျင်းနီက နဂို ကတည်းက ဟာသတွေဘာတွေ သဘောကျတဲ့သူဆိုတော့ အဲဒီကား လေးကိုလည်း ကြိုက်ပါတယ်။ အတွေ့အကြုံလိုချင်တာတစ်ခုနဲ့ သရုပ်ဆောင်ထားတာပါ။ ပြန်ကြည့် တော့ ဂျင်းနီရဲ့ သရုပ်ဆောင်မှုတွေ ကိုတော့ သိပ်အားမရဘူး။
ဒီနှစ်က တော့တကယ်ရသင့်တဲ့သူတွေ အားလုံးကို ရစေချင်တယ်။ ဒီနှစ် ဂျင်းနီ အကယ်ဒမီပွဲလည်း တက်မှာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*