“၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိခဲ့သူများအား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ထပ်ဆင့်ဂုဏ်ပြု”

“၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိခဲ့သူများအား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ထပ်ဆင့်ဂုဏ်ပြု”
March 4, 2012 Asian Fame
“၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိခဲ့သူများအား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ထပ်ဆင့်ဂုဏ်ပြု”

424557_321065271274029_313689044_n

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုရရှိခဲ့သူများကို မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးက ထပ်ဆင့်ဂုဏ်ပြုညစာ စားပွဲကို မတ်လ ၃ ရက်၊ ည ၇နာရီက ၀င်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မြက်ခင်းပြင်မှာ ကျင်းပခဲ့ပါ တယ်။ ပထမဦးစွာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့ပြီး ထူးချွန်ဆုရရှိခဲ့သူ အနုပညာရှင်၊ အတတ်ပညာရှင်များကို ဂုဏ်ပြုဆုချီးမြင့် ပေးအပ်ခဲ့ ပါတယ်။ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းက အမျိုးသား ဇာတ်ဆောင်ဆုရ ပြေတီဦးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရ သက်မွန်မြင့်တို့ကို ထပ်ဆင့်ဂုဏ်ပြုဆု ချီးမြင့်ပေးအပ် ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ဒါရိုက်တာဆုနဲ့ ဇာတ်ညွှန်းဆုရ ဒါရိုက်တာခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့ကို ပေးအပ်ချီးမြင့် ခဲ့ပါတယ်။ အဲဒီနောက် ပြန်ကြားရေး ၀န်ကြီး ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးစိုးဝင်းက အမျိုးသား ဇာတ်ပို့ဆုရ ဝေဠုကျော်၊ ရန်ကုန်တိုင်းဒေသကြီး ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဒေါ်စန်းစန်းနွယ်က အမျိုးသမီးဇာတ်ပို့ဆုရ၀ါဝါအောင်၊ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက တေးဂီတဆုရ မြန်မာပြည် ကျောက်စိမ်းနှင့်တည်းဖြတ်ဆုရဦးမြင့်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်နှင့် စက်မှုဝန်ကြီး ဌာန ၀န်ကြီး ဦးဉဏ်ထွန်းဦးက ဇာတ်ကားဆုရ Heart & Soul ရုပ်ရှင်ထုတ်လုပ်သူ ဒေါ်ခင်စန္ဒာမြင့်တို့ကို ထပ်ဆင့်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေ က ရုပ်ရှင်ဓာတ်ပုံဆုရ ပန်းချီစိုးမိုးကို ထပ်ဆင့် ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ကာ အခမ်းအနားကို ပါဝင်ကူညီ ပံ့ပိုးသည့်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*