သမီးဖြစ်သူကို အကယ်ဒမီ ပေးပွဲ ခေါ်ချင်ပေမယ့် မခေါ်ဖြစ်ခဲ့ရခြင်း အကြောင်း ပြေတီဦးပြော

သမီးဖြစ်သူကို အကယ်ဒမီ ပေးပွဲ ခေါ်ချင်ပေမယ့် မခေါ်ဖြစ်ခဲ့ရခြင်း အကြောင်း ပြေတီဦးပြော
February 9, 2012 Asian Fame
သမီးဖြစ်သူကို အကယ်ဒမီ ပေးပွဲ ခေါ်ချင်ပေမယ့် မခေါ်ဖြစ်ခဲ့ရခြင်း အကြောင်း ပြေတီဦးပြော

424465_314292121951344_11364827_nပြေတီဦးက အကယ်ဒမီ ပေးပွဲကို ဇနီး ဖြစ်သူ အိန္ဒြာကျော်ဇင် နဲ့ တက်ရောက်ခဲ့သလို သမီးဖြစ်သူ ပြေသုဒြာ ကိုလည်း အကယ်ဒမီ ပွဲ ကိုခေါ်ဖို့ အတွက် စီစဉ်ခဲ့ပါသေး တယ်။ ဒီလို စီစဉ်ခဲ့ပေမယ့်လည်း ကလေးက ၃ လကျော်ပဲ ရှိသေးတဲ့ အတွက် ခေါ်ဖို့ အဆင်မပြေဖြစ်ခဲ့ ပုံကို ပြေတီဦးက…… “အူဝဲကလည်း သိပ်ခေါ်ချင်တယ်၊ အစ်ကိုကလည်း တအားခေါ်ချင် တယ်၊ ဒါပေမဲ့ ကလေးက ၃ လကျော်ပဲ ရှိသေးတယ်လေ။ အစ်ကိုတို့ ကလေးကို ကားထဲ ထည့် ပြီးတော့ ရန်ကုန်မြို့ထဲမှာ တစ်ရက် ပတ်မောင်း ကြည့်ကြတယ်။ ပထမတော့ ကလေးက အပြင်လောကကို စိတ်ဝင်စားတယ်။ မီးတွေ လျှောက်ကြည့်ပြီး သဘောကျ တယ်။ နောက် ကျတော့ ချောင်းဆိုးလာပြီး ငိုလာတယ်။ သူအမြဲတမ်းနေ နေကျ နေရာ မဟုတ်တော့ မွန်းကျပ်တဲ့ သဘောလား မသိဘူး၊ အလေ့အကျင့် မရှိလို့ နေမှာပေါ့။ ရန်ကုန်ထဲမှာတောင် ကလေး အတွက် ဒီလို ဒုက္ခရောက်ရင် ခရီး အဝေးကြီးဆို ပိုပြီးစိုးရိမ်ရတယ်။ လမ်းမှာတစ်ခုခုဆို သွားဖို့ လာဖို့ ခက်ခဲတယ် ဆိုတော့ သမီး အတွက် စိုးရိမ်တာနဲ့ ထားခဲ့ လိုက်တာ ပိုကောင်းမယ် ဆိုပြီး ထားခဲ့တာ၊ အစမ်း အနေနဲ့တော့ ရန်ကုန် မှာကားနဲ့လျှောက်ပတ် မောင်းခဲ့တယ်။ အဆင် မပြေဘူး” လို့ အမှတ်တရ ပြောပြခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*