“အကယ်ဒမီပေးပွဲသွားတဲ့အခါ ရထားနဲ့သွားရတာ ပျော်ဖို့ ကောင်းသလို ပင်ပန်းတယ်လို့ဆိုတဲ့ ဆရာ ချစ်ဦးညို”

“အကယ်ဒမီပေးပွဲသွားတဲ့အခါ ရထားနဲ့သွားရတာ ပျော်ဖို့ ကောင်းသလို ပင်ပန်းတယ်လို့ဆိုတဲ့ ဆရာ ချစ်ဦးညို”
February 6, 2012 Asian Fame
“အကယ်ဒမီပေးပွဲသွားတဲ့အခါ ရထားနဲ့သွားရတာ ပျော်ဖို့ ကောင်းသလို ပင်ပန်းတယ်လို့ဆိုတဲ့ ဆရာ ချစ်ဦးညို”

425015_304941752886381_1720465703_n
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးဖြစ် တဲ့အကယ်ဒမီဆုပေးပွဲနီးကပ်လာပြီဖြစ်သလို အနုပညာရှင်၊အတတ်ပညာရှင်တွေကလည်း အခုအချိန်မှာ အကယ်ဒမီပွဲအတွက်ကိုပဲ အာရုံစိုက်နေသလိုအကယ်ဒမီပွဲကိုအဖွဲ့တွေနဲ့ စုံစုံညီညီသွားရတဲ့အတွေ့အကြုံအပေါ် ဆရာချစ်ဦးညိုကို မေးကြည့်တော့ ”အကယ် ဒမီကိုသွားတဲ့အခါမှာ သုံးမျိုး သွားကြတယ်။ ကိုယ့်ကားနဲ့ကိုယ်သွားကြတယ်။ နောက် ဒုတိယတစ်မျိုးက ရုပ်ရှင်အစည်းအရုံးကနေ စီစဉ်ပေးတဲ့ဘတ်(စ်)ကားတွေနဲ့သွားကြတယ်။ သူကတော့စုရပ်ပေါ့။ပြီးတော့ ရထားနဲ့သွား တာရှိတယ်။ စုရပ်ထားပြီး တော့ဘတ်(စ်)ကား ကြီးတွေနဲ့ဆရာတစ်ခါမှမသွားဖူးဘူး။ ဆရာ က ရထားနဲ့လိုက်တယ်။ ရထားတစ်တွဲလုံးကို ငှားထားတာ။ အဲဒီမှာအကယ်ဒမီ ဘုတ်ထိုင် တဲ့ ပုဂ္ဂိုလ်တွေ၊ ရုပ်ရှင် လုပ်ငန်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ သွားကြတာ။ ပျော်စရာကြီးပေါ့။ ရထားတစ်တွဲလုံးက ကိုယ့်အချင်းချင်းတွေ ချည်းပဲ။ ပြောကြ၊ ဆိုကြ၊ သီချင်းတွေဆိုကြ နဲ့ပေါ့။ အဲဒီကြားထဲမှာ ရုပ်ရှင်အကြောင်း တော့ တစ်လုံးမှမပြော ဖြစ်ဘူး (ရယ်လျက်)။သွားတာကတော့ ရုပ်ရှင် အကယ်ဒမီခရီးပဲ။ ဒါပေမဲ့ ရုပ်ရှင်အကြောင်းတော့ တစ်လုံးမှ မပြောဖြစ်ဘူး။ ဘယ်သူဘာရ မယ်ထင်သလဲ။ ဘာညာတွေကိုတော့ မပြောဖြစ်ဘူး။ သူ့ အစုလေးနဲ့သူပေါ့။စာပေအကြောင်းပြောတဲ့ သူပြော။ ပုတီးစိပ်တဲ့သူက စိပ်နဲ့။ အိပ်ပြီး လိုက်တဲ့သူက လိုက်နဲ့ပေါ့။ အဲဒီလိုနဲ့ပဲသွားကြ တာ။ ဘာပဲဖြစ်ဖြစ် ဒီလိုအချိန်ကျမှပဲ ပျဉ်းမနားမြင့်လှိုင်တို့၊ ကိုဆွေသက်တို့ဘာတို့နဲ့ တွေ့ကြတာလေ။အဲဒီလိုပဲ စာပေအကြောင်း ပြောလိုက်၊ ဟိုအကြောင်း၊ ဒီအကြောင်းပြော လိုက်နဲ့ပဲသွားကြတာ။ ပျော်စရာလည်း ကောင်း သလို၊ ပင်လည်း ပင်ပန်းပါတယ်”လို့ ပြောပါတယ်။


ထက်လူလူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*