အကယ်ဒမီဇနီးမောင်နှံပြောတဲ့ အကယ်ဒမီအမှတ်တရ

အကယ်ဒမီဇနီးမောင်နှံပြောတဲ့ အကယ်ဒမီအမှတ်တရ
February 6, 2012 Asian Fame
အကယ်ဒမီဇနီးမောင်နှံပြောတဲ့ အကယ်ဒမီအမှတ်တရ

402039_304933222887234_1077821909_nအကယ်ဒမီပွဲတွေမှာ အစီအစဉ်တင် ဆက်သူနှစ်ဦးအဖြစ် ဆက်တိုက်တွေ့မြင်လာခဲ့ရတဲ့ ဦးကျော်သက်လင်းနဲ့ ဒေါ်မြမြဝင်းတို့ကို အစီအစဉ် တင်ဆက် သူကောင်းဖြစ်အောင် လေ့ကျင့်ပေးခဲ့တဲ့ သူ့ရဲ့ဆရာတွေအကြောင်း၊ ဗန်းကိုင်များအတွက် ဘယ်လိုလေ့ကျင့် ကြိုးစားသင့်သလဲဆိုတဲ့ အကြောင်းနဲ့ အစီအစဉ်တင်ဆက် သူကောင်းတို့ရဲ့ အရည်အချင်းတွေကို သူတို့ရဲ့အတွေ့အကြုံနဲ့ ဖြေကြားပေးနိုင် ဖို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

“အကယ်ဒမီအစီအစဉ်တင်ဆက်သူဦးကျော်သက်လင်း”
”ဆရာတွေအကြောင်းပြောရင်တော့ ဆရာဦးဝိုင်းအောင်နဲ့ ဆရာမဒေါ်ခင်စန်းမြင့် ပြောရမှာပေါ့။ ကျွန်တော်ရုံးဝင်တဲ့ အချိန်မှာ သူတို့ထွက်သွားပြီ။ ဒါပေမဲ့ သူတို့တွေရဲ့ ပုံရိပ်တွေကို အမြဲမြင်ခဲ့ရတယ်။ ကျွန်တော်တို့ မြမြနဲ့ ကျွန်တော်နဲ့ အကယ်ဒမီပွဲမှာ ပါပြီဆိုတဲ့အချိန်မှာ ကထိကဆရာလည်း Channel-3ကို ရောက်နေတယ်။ ဆရာမ လည်းမရှိဘူး။ မရှိတော့ ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ ဒေါ်ခင်စန်းမြင့်ရဲ့ အကယ်ဒမီပွဲတွေ ပြန်ကြည့်ပေါ့။ ပြန်ကြည့်ပြီး ကျွန်တော်တို့၏သည်မရွေး၊ တစ်လုံးမကျန် ကူးတယ်။ ကူးပြီးတော့ဆရာတို့အသံ အနေအထားအတိုင်းပဲ လူမင်းဟာကျန်စစ်သားအဖြစ် သရုပ်ဆောင်ရာမှာဆိုတဲ့ စာသားတွေကအစ အိမ်မှာပြန်ကျင့်တယ်။ ကျွန်တော့် အမျိုးသမီးဆို ကက်ဆက်ခွေနဲ့ပြန်သွင်းတယ်။ ဖတ်တယ်။ သူတို့မူဝါဒအတိုင်း အတုယူတယ်။ ပထမဆုံးနှစ်က သူတို့နဲ့ပဲတွဲပြီးတော့ ကျွန်တော်တို့ အစီအစဉ် တင်ဆက်သူဖြစ်ခဲ့တယ်။ ၂ဝဝ၆ ခုနှစ်ကတည်းကစပြီး ပထမဆုံးလုပ်မယ့်ပွဲမှာ အခမ်းအနားမှူးအသစ် လိုချင်တယ်ဆိုတော့ ကျွန်တော်တို့ ၂ယောက်က အဲဒီမှာ စပါတာပေါ့။ အကယ်ဒမီက မတူထူးခြားတဲ့ရင်ခုန် စိတ်လှုပ်ရှားမှုတွေ နှစ်တိုင်းပေးတယ်။ လူတွေရဲ့အမြင်မှာ အကယ်ဒမီကို ဒီအတိုင်းပဲလဟာပြင်က ဇာတ်ရုံမှာ စလုပ်က တည်းက ဒီပုံစံပဲလို့ထင်တယ်။ ဒါပေမဲ့ ဗန်းကိုင်တွေကမတူဘူး။ သူတို့ရဲ့အမူအကျင့် အပြုအမူ အနေအထိုင်စရိုက်လေးတွေ တစ်ခုစီကွဲတယ်။ Sky Netစတဲ့ရုပ်သံ လိုင်းတွေက တိုက်ရိုက်လွှင့်တဲ့အတွက် ပိုဂရုထားရတယ်။ ဟိုဘက်က ကြော်ငြာပါတဲ့ Channelရှိသလို၊ ကြော်ငြာမပါတာလည်း ရှိတဲ့အတွက် မျက်လုံးပွတ်တာကအစ စင်ပေါ်မှာလုပ်တာက ပြဿနာမရှိပေမယ့် ကြည့်နေတဲ့သူတွေက Screenတစ်ခုတည်းကို အာရုံစိုက်ကြည့်နေရတာ။ ဗန်းကိုင်တွေအမူအရာ တစ်ခုခုလွဲသွားတာက အစ ပြောစရာမဖြစ်အောင် ထိန်းချုပ်ရတယ်။ တော်တော်များက ပုံတော်ဖိနပ်မစီးချင်ကြဘူး။ ပုံစံကျ ကျလေးသွားဖို့ အားလုံးတစ် ပြေးညီတည်းလျှောက်ဖို့ ကိုယ်ဟန် အနေအထားရော ရှေ့ကကင်မရာတွေရှေ့မှာ ဒီဟာကမော်ဒယ်စင်မြင့် မဟုတ်ဘူး။ လူတွေစိတ်ထဲမှာ သူတို့တွေဘယ်လို လုပ်တာ၊ သိပ်နှေးတယ် လို့ ဝေဖန်တာတွေ များတယ်။ ဗန်းကိုင်က အကယ်ဒမီစင်ပေါ်ကို အကယ်ဒမီမရဘဲ စင်ပေါ်တက်ခွင့်ရတာ။ အစီအစဉ် တင်ဆက်သူ၊ ဆုပေးတဲ့ သူတွေပဲရှိတယ်။ ကိုယ့်ရဲ့အလှအပနဲ့ ဒီစင်ပေါ်တက်ခွင့်ရတဲ့အတွက် အားလုံးကလည်း အာရုံစိုက်တယ်။ ဗန်းကိုင်အတွက်လေ့ကျင့် ဖို့ ၆ ရက်လောက်ကနေ ကြိုရောက်တယ်။ နေမကောင်းဖြစ်ရင်၊ အရန်လူက တက်မယ်။ နေမကောင်းသူကိုတော့ စင်မြင့်ပေါ် မတက်ခိုင်းဘူး။ အဲဒီအတွက် အစားအသောက်ကအစ ဂရုစိုက်ခိုင်းတယ်။ အားလုံးကို စုစုစည်းစည်းဖြစ်ဖို့က မိသားစု စိတ်ပေါ့။ ဗန်းကိုင်ကလေးတွေက ငယ်တယ်။ ဝါဆိုမိုးဦးတို့နှစ်ကဆို သူက၁၅ နှစ်ကျော်ကျော်ပဲရှိသေးတယ်။သူတို့က ငယ်တဲ့အတွေးပဲရှိတယ်။ လူဆိုတာ ထင်ပေါ်ချင်ကြတယ်။ ပြိုင်ဆိုင်မှု တအားပြင်းထန်ကြတယ်။ အကယ်ဒမီ ဗန်းကိုင်တွေ ပွဲမစခင်ကတည်းက ထင်ပေါ်နေကြတာ။ တစ်ခါမှ မကြုံဖူးကြဘူးတဲ့ အဲဒီ ၁၂ ယောက်က အကယ်ဒမီ မိသားစုဝင်တွေဖြစ်သွား ပြီး တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် ကူညီကြမယ်။ ဗန်းကိုင်အားလုံးကို ဘယ်သူကိုငါ့လူဆိုပြီး မထားဘူး။ တစ်ပြေးညီပဲသင်တယ်၊ အားလုံးကို နာမည်ကြီးစေချင်တဲ့ စေတာနာအပြည့်ရှိတယ်။သူတို့တွေက တစ်နှစ်လုံးမှာ အကယ်ဒမီ တစ်ရက်၊ စက္ကန့်ပိုင်းလောက်လေး သတိရ ရင်ရမယ်။ ကျွန်တော်တို့ကတော့ အမြဲ သတိရတယ်။ သူတို့အတွက်အမြဲဝမ်းသာ ဂုဏ်ယူတယ်။ လေ့လာပြီးမှီငြမ်းထားတဲ့ ပညာတွေရှိမယ်။ ဥပဓိရုပ်အသံပါ ရှိမယ် ဆိုရင် ခမ်းနားတဲ့ကာင်းတဲ့ အစီအစဉ် တင်ဆက်သူတစ်ယောက် ဖြစ်မှာပါ။ ကျွန် တော်တို့ကတော့ ကြိုးစားဆဲပါ။
ကိုမေတ္တာတို့၊ ကိုအရိုင်းတို့လိုအရာရာကိုချက်ချင်း ထိုးထွင်းပြီး ပရိသတ်မငြီးငွေ့အောင် တင်ဆက်နိုင်တဲ့သူကိုမှ အစ်ီအစဉ်တင်ဆက်သူကောင်းလို့ ခေါ်တာ။ အနုပညာ ဝမ်းစာ၊ မေတ္တာ၊ စေတနာ၊ စကားလုံးတွေနဲ့ အာသာဆန္ဒပြေအောင် အစီအစဉ်တင်ဆက်သူတွေက လုပ်ရတာ နောင်လာမယ့်သူတွေကို အခမ်းအနားမှာစိတ်အာရုံ အပြည့်ထားပါ။ ကြိုးစားပါ။ အခမ်းအနားပေါင်းစုံမှာ ဝင်ဆံ့နိုင်အောင် ကြိုးစား ပြင်ဆင်ထားပါ လို့ မှာချင်ပါတယ်။

“အကယ်ဒမီအစီအစဉ်တင်ဆက်သူ ဒေါ်မြမြဝင်း”
နေပြည်တော်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့အကယ်ဒမီပွဲမှာစတင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မတို့က ရုံးဝန်ထမ်းတွေဆိုတော့ အားတဲ့အချိန် ရန်ကုန်မှာလုပ်ခဲ့တဲ့ ပွဲအခွေတွေကြည့်၊ စာတွေရေးလေ့ကျင့်ခဲ့တယ်။ သူတို့ အသံအနေအထားတွေ နားထောင်ပြီး တော်တော်ကြိုးစားခဲ့တယ်။ ကျွန်မတို့ စီစဉ်တင်ဆက်သူ ၄ယောက်၊ ဗန်းကိုင် ၈ ယောက် ညီညီညွတ်ညွတ်၊ ညှိညှိနှိုင်းနှိုင်းနဲ့ ဒီနှစ်ကိုအကောင်းဆုံးဖြစ်အောင် ဆောင် ရွက်သွားပါမယ်။ ကျွန်မတို့နဲ့ အတူလုပ်မယ့် ဇင်အောင်တို့နဲ့ မဆုံဖူးပါဘူး။ ဖန်သား ပြင်ပေါ်မှာတော့ အားပေးပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*