“သူသာအကယ်ဒမီဆုရခဲ့ရင် ထိုင်ငိုမိမှာပဲဆိုတ သဉ္ဇာနွယ်ဝင်း ရဲ့ အကယ်ဒမီ ခံစားချက်”

“သူသာအကယ်ဒမီဆုရခဲ့ရင် ထိုင်ငိုမိမှာပဲဆိုတ သဉ္ဇာနွယ်ဝင်း ရဲ့ အကယ်ဒမီ ခံစားချက်”
February 6, 2012 Asian Fame
“သူသာအကယ်ဒမီဆုရခဲ့ရင် ထိုင်ငိုမိမှာပဲဆိုတ သဉ္ဇာနွယ်ဝင်း ရဲ့ အကယ်ဒမီ ခံစားချက်”

411692_304924669554756_1163437401_o
‘အချစ်စိမ်းစိမ်း’ဇာတ်ကားကတည်းက ပရိသတ်တွေအသိအမှတ်ပြုလက်ခံလာတဲ့ သဉ္ဇာနွယ်ဝင်းက အခုအချိန်မှာ ဇာတ်ကား တွေအများအပြားထွက်ရှိထားသလို လတ် တလောမှာလည်း ပြေတီဦး၊ထွန်အိန္ဒြာဗိုတို့နဲ့ အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ ‘သံယော ဇဉ်အလင်းတန်း’ဆိုတဲ့ဇာတ်ကားလေးထဲမှာ လည်း ချစ်စဖွယ်ဟန်ပန်အမူအရာလေးတွေ ကို ပရိသတ်တွေက ကြိုက်နှစ်သက်နေကြ ပါတယ်။ ရှိုးလျှောက်တာကိုတော့ ဝါသနာ မပါတဲ့အတွက် ကိုယ်လျှောက်ချင်မှပဲ လျှောက်တော့မယ်လို့ ပြောပါတယ်။


”ကိုယ်အခုလုပ်ခဲ့သလောက်အနုပညာ သက်တမ်းမှာ ဒီလိုနာမည်လေးရလာတယ်ဆို တော့ ကိုယ့်ဟာနဲ့ကိုယ်တော့ ကျေနပ်မိ တယ်။ ပြီးတော့ ကိုယ်ကလည်း ပုံမှန်လေး ရွေ့နေရတဲ့သူဆို တော့ ကျေနပ်ပါ တယ်။ ကိုယ် လုပ်ခဲ့သလောက်လေးမှာ ဒီနေရာလေး ကို ပရိသတ်က ပေးတယ်ဆိုတော့ ကျေနပ် ပါတယ်”လို့ အခုလက်ရှိနေရာလေးကို အားရကျေနပ်မိကြောင်းကို ပြောပြပါ တယ်။ မကြာခင်ရောက်လာတော့မှာဖြစ်တဲ့ အကယ်ဒမီပေးပွဲကိုတော့ ….


”အခုအထိက ကိုယ်ဝင်ရိုက်ထားတဲ့ ရုပ်ရှင်ကားလည်း တစ်ကားမှ မရှိသေးဘူး လေ။ ပြီးတော့ ဒီနှစ်ကစပြီးတော့ ဒီဗီဒီကား ရိုက်ထားတာဆိုတော့ အကယ်ဒမီကိုသွားလို့ ရှိရင် ကိုယ်နဲ့သိပ်ရင်းနှီးတဲ့သူလည်း မရှိသေး ဘူးဆိုတော့ တစ်ယောက်တည်းဖြစ်နေမှာ ကိုလည်း စိုးရိမ်တယ်။ အဲဒါကြောင့် နောက်သုံးနှစ်လောက်နေမှပဲ သွားမှာပါ”လို့ ပြောပါတယ်။ ကိုယ်အကယ်ဒမီတက်တဲ့နှစ် မှာပဲ အကယ်ဒမီရခဲ့မယ်ဆိုရင် သဉ္ဇာဘယ်လို ဖြစ်မလဲမေးတော့…

”အဲဒီလိုမျိုးဆိုရင်တော့ စင်ပေါ်မှာပဲ ဖြစ်ဖြစ်၊ ကြေညာ တဲ့နေရာမှာပဲဖြစ်ဖြစ် ငိုမိမယ် နဲ့တူတယ်”လို့ ပြောပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီးတော့ မစဉ်းစားသေးဘူးလို့ ဆိုလာတဲ့အတွက် အချစ်ရေးကို စိတ်မဝင်စားသေးတာ လားဆိုတော့..

”အခုအချိန်မှာ စိတ်တော့မဝင်စားသေး ဘူး။ ရည်းစားထားရတာက ကိုယ့် အတွက် သိပ်ပြီးအဆင်ပြေမယ်မထင် ဘူး”လို့ ပြောတဲ့ သဉ္ဇာနွယ်ဝင်းက ဒီနှစ် ဖေဖော်ဝါရီ ၁၄ရက်မှာလည်း တစ် ယောက်တည်း အေးဆေးပါပဲလို့ ပြော ပါတယ်။

ထက်လူလူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*